ဝေါ ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးသည့် ဘိုးဦးစိန်ကျေးရွာ၊ စံပြလူငယ်စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်အသင်းသားများအား (စမ်းဝတီ) သဘာဝမြေသြဇာပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝေါမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအေးလွင်က (၁၀၁) နှစ်မြောက်အပြည်ပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုအားဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးရေးအစီအမံဖြင့် မိုးစပါးစိုက်ပျိုးသည့် ဘိုးဦးစိန်ကျေးရွာရှိ စံပြလူငယ်သမဝါယမအသင်းသူ အသင်း သားများ အား (စမ်းဝတီ) သဘာဝမြေသဩဇာပေးအပ်လှူဒါန်းရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်တို့က ဘိုးဦးစိန်ကျေးရွာ စံပြလူငယ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းသူ၊ အသင်းသားများအား (စမ်းဝတီ) သဘာဝမြေသြဇာအိတ် (၃၀) အားပေးအပ်လှူဒါန်းခဲ့ပြီး၊ စံပြလူငယ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်အသင်းသူ၊ အသင်းသားများ ကိုယ်စားအသင်း ဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန် / ဆက်)