ဝေါမြို့နယ်၌ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့်ဗုဒ္ဓဘာယာ ယဥ်ကျေးမှုစာမေးပွဲတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ဝေါ ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့်ဗုဒ္ဓဘာယာ ယဥ်ကျေးမှုစာမေးပွဲတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ (နမောတဿ) အစချီဂါထာဖြင့် (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ဝေါမြို့သံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌ ဆရာတော် ဥူးဇနကနှင့် ဝေါမြို့နယ် သံဃနာယကအဖွဲ့ (သုဓမ္မာ) ဥက္ကဋ္ဌဆရာတော် ဥူးသောဘနတို့က အဖွင့်သြဝါဒကထာချီးမြှင့်ပေး သည်။ ဆက်လက်၍ ဝေါမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဥူးသုဇာတက ဝေါမြို့နယ်၌ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းဖွင့်လှစ်ခြင်း၊ မြို့နယ်အဆင့် စာမေးပွဲစစ်ဆေးခြင်း၊ ထူးချွန်ဆုပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းက အမှာစကားပြောကြားပြီး။ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲတွင် ယဥ်ကျေးမှုကျင့်ဝတ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးအောင် (၁)၊ အထူးအောင် (၂) ရရှိသူများ ဗုဒ္ဓဘာသာမြန်မာစာဘာသာနှင့် အခြေခံအဘိဓမ္မာဘာသာတို့တွင် ပထမ၊ဒုတိယ၊တတိယ ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဋတု အစချီဂါထာဖြင့် (၃) ကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)