သတင်းများ

သံတောင်ကြီးဒေသတွင် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြားလာ
Jun 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်းရရှိခြင်းကြောင့် ဒေသခံပြည်သူများမှာ ကော်ဖီစိုက်ပျိုးချိန်ဖြစ်သည့် ယခုဇွန်လ နောက်ဆုံးပတ် မိုးဦးစအချိန်တွင် ကော်ဖီပျိုးပင်များကိုမိမိတို့၏ ဉယျဉ်ခြံမြေများ၌ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး စိုက်ဧက ၁၀၈၂၀၀ စိုက်ပျိုးသွားရန် သတ်မှတ်လျားထား
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး စိုက်ဧက ၁၀၈၂၀၀ ကျော် စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး မိုးစပါး စိုက်ပျိုးထုတ်လုပ်သည့် လယ်သမားများ တစ်ဧက အထွက်နှုန်း တိုးတက်၍ ဝင်ငွေတိုးလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လားရှိုးမြို့၊ ပန်အုပ်ပရိယတ္တိစာသင်တိုက်တွင် ပြည်တော်အေးစေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုးမြို့ ပန်အုပ်ပရိယတ္တိစာသင်တိုက် ပြည်တော်အေးစေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက်(၉)နာရီ က ပန်အုပ်ပရိယတ္တိစာသင်တိုက် ဝတ္တကမြေအတွင်း၌ကျင်းပရာ  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ပခုက္ကူမြို့၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကွင်းဆင်းဟောပြောခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကွင်းဆင်းဆောင်ရွက် ကြသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင် ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနှင့်၀န်းကျင်မူးယစ်ကင်းစင်ကာ မျိုးဆက်သစ် လူငယ်မောင်မယ် ကျောင်းသားကျောင်းသူလေးများ မူးယစ်ဆေးဝါးအန္တရာယ်မှ  ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နေ့လည်ပိုင်းက  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်ပေးနေမှုများဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်
Jun 28,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူ့လူထုအား တိုက်ရိုက်ဝန်ဆောင် ပေးနေသည့်လုပ်ငန်းများ အသိပညာပေးသင်တန်းဖွင့်ပွဲကို မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ(၂၇)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ
Jun 28,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ဇွန် ၂၇ ရက် နံနက် ၁၀ နာရီ ခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
ခရမ်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Jun 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။