ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူ ၈၄၀၉၄ ဦးတက်ရောက်ပညာသင်ကြား
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မေ ၂၃ နံနက် ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများများပြားလျက်ရှိပြီး ဇွန် ၂၈ ရက်နေ့ထိကျောင်းသား၊ကျောင်းသူ (၈၄၀၉၄)ဦးလာရောက်အပ်နှံထားရှိပြီး စိတ်အေးချမ်းသာစွာပညာသင်ကြား လျက်ရှိ ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်မိမိအောင်ထံကသိရသည်။