မင်းဘူး(စကု)မြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုး
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေး ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအာဟာရ ပြည့်ဝသော တိရစ္ဆာန်အစာပင် နေဗီယာမြက်ကို စနစ်တကျ တွင်ကျယ်စွာ စိုက်ပျိုးကျွေးမွေးနိုင်စေရန် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စကုမြို့၊ အမှတ် (၂) အောင်သုခရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့် နွားမွေးမြူရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်သူ တောင်းသူ ဦးဇော်လင်း၏ ယာမြေအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။