သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jun 28,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဇွန်လ ၂၈ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်‌ ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကမာရွတ်မြို့နယ်၌ အနောက်ပိုင်းဇုန်မြို့နယ်​ပေါင်းစုံ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကျင်းပ
Jun 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အ​နောက်ပိုင်းဇုန် မြို့နယ်​ပေါင်းစုံ  ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်အလွတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ယ​မန်နေ့နနက်ပိုင်းက၊ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ တက္ကသိုလ်များဓမ္မာရုံ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့
တပ်ကုန်းမြို့နယ်တွင်   မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ကျပ်သိန်း ၃၀၀ ဖြင့် စိုက်ပျိုး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်မည်
Jun 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပက်သက်၍ မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃နာရီက အဆိုပါကျေးရွာရှိ နဝင်းချောင်းတံတားရှင်းလင်း ဆောင်တွင် ကျင်းပခဲ့သည်။
 သူနာပြုသားဖွားသင်တန်းကျောင်း သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနား ကျင်းပ
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘို သူနာပြု-သားဖွားသင်တန်းကျောင်း၊ အပတ်စဥ်(၂) သူနာပြု သားဖွားဒီပလိုမာ သင်တန်း၏ သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီချိန်က အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဆေးရုံအုပ်ကြီး၊ ​ကျောင်းအုပ်ဆရာမကြီး၊ သူနာပြုအုပ် ဆရာမကြီးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် သုသာန်အဝင်လမ်း စွန့်ပစ်အမှိုက်ပုံအား စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု ကြည့်ရှုစစ်ဆေး
Jun 28,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်ရှိ သိမ်တောင် ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောက်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် သုသာန်အဝင်လမ်း စွန့်ပစ်အမှိုက်ပုံအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်ထောင်စုဈေးမုခ်ဦးနှင့် ပြည်ထောင်စု လမ်းအမှတ်(၂) နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုဈေးမုခ်ဦးနှင့် ပြည်ထောင်စုလမ်း အမှတ် (၂) နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် အဆိုပါ ဈေးသစ်ရှေ့တွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျိုင်းတုံမြို့၌ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီရေးရာ အသိပညာပေးဆွေးနွေး
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီရေးရာ အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၂၇ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံ amazing Hotel တွင် ကျင်းပသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
Jun 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။