ကျိုင်းတုံ ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီရေးရာ အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၂၇ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံ amazing Hotel တွင် ကျင်းပသည်။
ရှေးဦးစွာ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မိရိုးဖလာ စီးပွားရေးစနစ်ဖြင့် ဆောင်ရွက် နေကြသည့် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆင့်မြှင့်တင်၍ မြန်မာနိုင်ငံကုမ္ပဏီဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေတို့နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ဥပဒေပါအကျိုးခံစားခွင့်များကို ရရှိခံစားပြီး လုပ်ငန်းများ ကြီးထွားလာရန် ရည်ရွယ်ပါကြောင်း၊ ရင်းနှီးမြှပ်နှံမှုမှတစ်ဆင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နိုင်ရန်မျှော်မှန်းပါကြောင်း အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းကိုယ်စားလှယ်များ၊ ဒေသခံလုပ်ငန်းရှင်းများနှင့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီရရှိခံစားနိုင်မည့်ရင်းနှီးမြှုပ်နှံမှု အခွင်းအလမ်းများ၊ လက်ရှိစီးပွားရေး လုပ်ငန်း အခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)