ဟိုပုံး ဇွန် ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဇွန်လ ၂၈ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ဟိုပုံးမြို့ ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၂)အုပ်စုတို့မှ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွား (၁၂၆)ဦးတို့အတွက် ငွေကျပ်(၃၇၈၀၀၀၀)ကျပ်အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိင်္ဂီအောင်နှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)