သတင်းများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ခေမရဋ္ဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရေဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ကျန်းမာရေးဌာန၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ရေဦး-တန့်ဆည်မြို့ထွက် ဂိတ်နေရာတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးဂိတ် ဖွင့်လှစ်ကာ အရှိန်မပျက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထောက်ကြန့်ကုန်းကျေးရွာအုပ်စု အ.လ.က(ခွဲ)နဘူကျင်းကျောင်းနှင့် အ.မ.က ရေနောက်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံတွဲမြို့၌ အခြေခံစားသောက်ကုန် ကြက်သားများကိုဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Jun 28,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဝန်ထမ်းမိသားစုများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်သားများကို ရောင်းချပေးခဲ့သည်။
မက်မန်းမြို့နယ်တွင် Biometric Data စနစ်ကောက်ယူခြင်းများဆောင်ရွက်
Jun 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် Biometric  Data စနစ် ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  စတင်ကောက်ယူခဲ့သည်။
ရွှေသောင်ယံမြို့တွင်၊ မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၁၀)နာရီက မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းများ အောင်မြင်ဖြစ်ထွန်း
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးဦးကာလဖြစ်သည့် မေလ ၁၅ ရက်နေ့မှ စတင်စိုက်ပျိုးခဲ့ကြသည့်၊ မိုးသီးနှံမြေပဲ၊ နှမ်းနှင့် ပဲစင်းငုံသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jun 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို    အသုံးချတတ်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆိုင်ရာများကို ပိုမိုသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။