ဒဂုံမြောက် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဦးတည်အုပ်စု အလိုက်အမည်စာရင်းရယူထားသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများယူဆောင်လာစေပြီး လာရောက်ဆောင်ရွက်သူများ၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီးမတူညီ ဂဏန်း (၁၀) လုံး ပါဝင်သည့် Unique lD နံပါတ်သတ်မှတ်၍ ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအနေဖြင့် ပြည်သူများ၏လူမူစီးပွားရေးဆိုင် ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မူလုပ် ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့ အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)