သူနာပြုသားဖွားသင်တန်းကျောင်း သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနား ကျင်းပ

​ရွှေဘို ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘို သူနာပြု-သားဖွားသင်တန်းကျောင်း၊ အပတ်စဥ်(၂) သူနာပြု သားဖွားဒီပလိုမာ သင်တန်း၏ သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီချိန်က အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဆေးရုံအုပ်ကြီး၊ ​ကျောင်းအုပ်ဆရာမကြီး၊ သူနာပြုအုပ် ဆရာမကြီးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ​  ရွှေဘိုခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက​ အဖွင့်အမှာစကား​ပြောကြားရာ ကမ္ဘာ့ပြည်သူလူထုကျန်းမာ​ရေး အဆင့်မြင့်မား​စေ​ရေးအတွက် မြှင့်တင်ကြရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် များစွာအ​ရေးကြီးပါ​ကြောင်း၊ ပြည်သူအားလုံးအတွက် လက်တွေ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ- နာ ၅ နာဖြင့် ပြုစုစောင့်ရှောက်မှုများ ပေးသွားရန်လိုအပ်ပါ​ကြောင်း၊ အရည်အချင်းပြည့်ဝ၊ ဘက်စုံထူးချွန်ပြီး ပြည်သူအားကိုးရ​သော သူနာပြုဆရာ၊ ဆရာမများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး၊ သူနာပြုသင်တန်း​ကျောင်း ပညာရေးအဖွဲ့ဝင် မာမီ​ဒေါ်ညိုညို​ဇော်က ဂျူတီကုတ်နှင့် သူနာပြုဦး​ဆောင်းအပ်နှင်းရခြင်း ရည်ရွယ်ချက်ကို​ ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာ​ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ​ဒေါ်​​ကေသွယ်မိုးက သင်တန်းရေးရာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဂုဏ်ပြုစကား​ပြောကြားခဲ့ပြီး သင်တန်းသား/သူများ၏ သင်ယူ​လေ့ကျင့်ခဲ့မှုမှတ်တမ်းအား ဗွီဒီယိုဖြင့် တင်ဆက်ပြသပြီး​နောက် ဆေးရုံအုပ်ကြီး Dr စောသက်လျာ​အောင်က သင်တန်းသား/သူ (၁၈)ဦးတို့အား ဂျူတီကုတ်နှင့် သူနာပြု ဦး​ဆောင်းများ အပ်နှင်း​ပေးခဲ့သည်။

ထို့​နောက် သင်တန်းသား/သူများမှ သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းနှင့် "ဂရုဏာအလင်း" သီချင်းဖြင့်​ ဖြေ​ဖျော်ခဲ့ပြီး​နောက်၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် တာဝန်ရှိသူများက ထူးချွန်​ကျောင်းသား/သူများအား ဆုများချီးမြှင့်​ပေးကာ၊ သင်တန်းသူတစ်ဦးက အားလုံးကိုယ်စား ​ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့ပြီး၊ စု​ပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြ​ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်