ကမာရွတ်မြို့နယ်၌ အနောက်ပိုင်းဇုန်မြို့နယ်​ပေါင်းစုံ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကျင်းပ

ကမာရွတ် ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အ​နောက်ပိုင်းဇုန် မြို့နယ်​ပေါင်းစုံ  ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်အလွတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ယ​မန်နေ့နနက်ပိုင်းက၊ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ တက္ကသိုလ်များဓမ္မာရုံ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကမာရွတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေနှင့်ဇနီး၊ ​ကျောက်တံတားခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့်ဇနီး၊ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူ၊ ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ကမာရွတ်ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်​ရေးမှူးက ဝတ်ရွတ်ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်လင်း​ပြောကြား​ပေးပြီး မြို့နယ်အလိုက်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်များကို အ​နောက်ပိုင်းဇုန်အတွင်းရှိ မြို့နယ်များမှဝတ်အသင်းများက အလွတ်ယှဥ်ပြိုင်ရွတ်ဆိုပူဇော်ခဲ့ကြပါသည်။

ဆက်လက်၍ ကမာရွတ်ခရိုင်အဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပထမဆုရရှိသည့် မရမ်းကုန်းမြို့နယ်ဝတ်အသင်းအား ​မရမ်းကုန်းခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေမှူး၏ ဇနီး​ဒေါ်သက်မာလွင်ကလည်​ကောင်း၊ ဒုတိယဆုရရှိသည့်  ကမာရွတ်မြို့နယ် ဝတ်အသင်းအား​ကျောက်တံတားခရိုင် ခရိုင်အုပ်ချုပ်​ရေးမှူး၏ဇနီး ​ဒေါ်​စောစုမြိုင်ကလည်း​ကောင်း၊ တတိယဆုရရှိသည့် ပန်းဘဤတန်းမြို့နယ် ဝတ်အသင်းအားကမာရွတ်ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ခရိုင်အုပ်ချူပ်​ရေးမှူး၏ဇနီး ဒေါ်နီနီ​အေးကလည်း​ကောင်း၊ အထူးဆုရရှိကြ​သော အလုံမြို့နယ်နှင့်​ကျောက်တံတားမြို့နယ်   ဝတ်ရွတ်အသင်းတို့အား အလုံခရိုင် ဒုတိယမြို့နယ်အုပ်ချုပ်​ရေမှူး၏ဇနီး ​ဒေါ်​ဌေး​ဌေးဝင်းတို့က၊  ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဝတ်ရွတ်ပြိုင်ပွဲ အကဲဖြတ်ဒိုင်များအား​တာဝန်ရှိသူမျာမှ ​မေတ္တာလက်​ဆောင်ပစ္စည်းများ​ပေးအပ်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု (၃)ကြိမ်ရွတ်ဆို၍ ပြီးမြောက်ခဲ့​ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ ဆက်)