သံတွဲမြို့၌ အခြေခံစားသောက်ကုန် ကြက်သားများကိုဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

သံတွဲ ဇွန် ၂၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဝန်ထမ်းမိသားစုများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်သားများကို ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံ အမှတ် (၅၅) ခြေမြန်တပ်ရင်းမှလာရောက်၍ ဝန်ထမ်းမိသားစု များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး အတွက် ကြက်သားပိဿာ (၇၀) အား တစ်ပိဿလျင် (၉၀၀ဝိ/-) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝန်ထမ်းများက အားရဝမ်းသာစွာဖြင့် ဝယ်ယူအားပေးခဲ့ ကြကြောင်း သိရသည်။

သန့်ဇင်