ကျိုင်းတုံ ဇွန်၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ခေမရဋ္ဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်လှိုင်ဝင်းက ဓမ္မစင်္ကြာနှင့် အနတ္တလက္ခ ဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ဝတ်ရွတ်အသင်းများက ပြိုင်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြ ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ခရိုင်(၆)ခရိုင်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်ရွတ်အသင်းများက ဇူလိုင်လ ၆ ရက်နေ့တွင် သာသနာ့ဗိမ္မာန်(ကျိုင်းတုံ)တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါအသင်းများမှ ပထမဆုရရှိသည့် အသင်းနှင့် ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး (ကျိုင်းတုံ)လက်အောက် ခရိုင်ရဲတပ်ဖွဲ့များ၏ ဝတ်ရွတ်အသင်များ ယှဉ်ပြိုင်ရာမှ ပထမရရှိသည့် အသင်းတို့ ဇူလိုင်လ ၈ ရက်နေ့တွင် သာသနာ့ဗိမ္မာန်(ကျိုင်းတုံ)၌ ပြန်လည်ယှဉ်ပြိုင်၍ ၎င်းမှ ပထမရရှိသည့် အသင်းသည် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)