ရွှေသောင်ယံ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၁၀)နာရီက မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်၍ မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးများ တက်ရောက်ကြသည်။
သို့ရာတွင် ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ပြောကြားသည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)