မက်မန်းမြို့နယ်တွင် Biometric Data စနစ်ကောက်ယူခြင်းများဆောင်ရွက်

မက်မန်း ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် Biometric  Data စနစ် ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  စတင်ကောက်ယူခဲ့သည်။

ထိုသို့ ကောက်ယူရာတွင် မက်မန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းဦးဆောင်၍ ဝန်ထမ်းများက Biometric  Data စနစ်ကို ကောက်ယူ ခြင်းဖြစ်သည်။ Biometric  Data စနစ် သွင်းရာတွင် ဒေသခံပြည်သူများမှ အခြေခံအချက်အလက်များ အားဖြည့်သွင်းခြင်းများ ဆောင်ရွက်ခြင်း၊ ကိုယ်ရေးအချက်အလက်များကောက်ယူပြီး Database အတွင်းသို့ ထည့်သွင်းခြင်းများ ဆောင်ရွက်ပေးလျှက်ရှိသည်။ “ e-ID စနစ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူ မှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ထမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း” မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက ရှင်းလင်းပြောကြားခဲ့သည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)