သင်္ဃန်းကျွန်း ဇွန် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆိုင်ရာများကို ပိုမိုသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာချစ်ဦးညိုရေးသားသည့် “လင်္ကာဒီပချစ်သူ” စာအုပ်အား ဦးဆောင်ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်၊၊
ခရိုင်(ပြန်ဆက်)