ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ပန်းတောင်း ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထောက်ကြန့်ကုန်းကျေးရွာအုပ်စု အ.လ.က(ခွဲ)နဘူကျင်းကျောင်းနှင့် အ.မ.က ရေနောက်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ သွားရောက်၍ အသက်(၅)နှစ်ပြည့်ပြီး ကျောင်းသား/ သူ (၁၉) ဦးအား ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေး First Dose နှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ သူ (၁၃)ဦးအား ကိုဗစ်(၁၉)ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose များကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသောကျောင်းများသို့ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)