သီပေါ ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင်အရပ်ရပ်အခွင့်အရေးလိုင်စင်အသစ်အနေဖြင့်ဆောင်ရွက်မည့်စံဖိတ် ကျွဲနွားပွဲဈေးကောက်လိုင်စင်နှင့် နမ့်အွန်ကျွဲနွားပွဲဈေးကောက်လိုင်စင်(၂)ခုအား ဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းချခြင်းကိုယနေ့ နံနက်(၁၀)နာရီအချိန်က မြို့တော်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးခေါင်းဆောင် ဦးပြေငြိမ်းက အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်ဖေက ကျွဲနွားပွဲဈေးကောက် လုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် စည်းကမ်းချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် စံဖိတ်နှင့်နမ့်အွန်ကျွဲနွားပွဲဈေးကောက်လိုင်စင် လျှောက်ထားသူတစ်ဦးချင်းအား သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဈေးပြိုင် လေလံစနစ် နှင့် စိစစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)