ပုဗ္ဗသီရိ ဇွန် ၂၈
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ကျင်းပပူဇော်သော အကြိမ် ၁၅၀-မြောက် မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ အုန်းတောပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ နေပြည်တော် သံဃနာယက ဆရာတော်ဘဒ္ဒန္တတိဿထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ နေပြည်တော်ကောင်စီအဖွဲ့ ဝင်ဦးမြင့်စိုးမှ ပဋ္ဌာန်းကျမ်းစာအုပ်နှင့်ပဋ္ဌာန်းပရိတ်အိုးများကို ဆရာတော်များထံ ဆက်ကပ်ခဲ့ သည်။
ထို့နောက် ဆရာတော်သံဃာတော်များကဦးဆောင်၍ ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)