ပေါက်တောမြို့နယ် ကံချောင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ ( အဋ္ဌမ) အကြိမ်ထုတ်ချေးပေး

ပေါက်တော  ဇွန်  ၂၈                                

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် ကံ​ချောင်းကျေးရွာရှိ အသင်းသား အသင်းသူများအား (အဋ္ဌမ) အကြိမ်ပြန်လည်ထုတ်ချေးပေးကြသည်။

ရှေးဦးစွာ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်ရောင် ကျေးရွာစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ခြင်း အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းက ရှင်းလင်းပြောကြားပြီး ကံချောင်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း(အဋ္ဌမ) အကြိမ်ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅ ဦးအား ၈၀၀၀၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၈၃ ဦး အား ၃၆၁၆၀၀၀၀ ကျပ်၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၅ ဦးအား  ၈၀၀၀၀၀ ကျပ်၊အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၁၆ ဦးအား ၂၇၀၀၀၀၀ ကျပ် နှင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၄ ဦးအား ၆၄၀၀၀၀ ကျပ်  စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၁၃ ဦးအတွက် ရန်ပုံငွေ ၄၁၁၀၀၀၀၀ ကျပ်ကို  ကျေးရွာမြစိမ်းရောင်ကော်မတီသို့ နေ့ချင်းထုတ်ပေးသည့် စနစ်ဖြင့် ဆောင်ရွက်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)