ပလောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်သန့်ရှင်းရေးဆောင်ရွက်

ပလောက် ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၉ နာရီက ပုပ္ပါးရုံကုန်းတော်ရှိ ပြည်တော်အေးစေတီတော်၌ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပလောက်မြို့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုဇာလီဝင်းနှင့်အဖွဲ့ဝင်များက ဘုရားရင်ပြင်တွင် တံမြက်စည်းလှဲခြင်း၊ ဘုရားရေသပ္ပါယ်ခြင်း၊ ဘုရားပန်းအိုးလှဲခြင်း၊ ဘုရားပန်းများ ကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက် (ပြန်/ဆက်)