မြို့သစ်မြို့နယ်၌ နွေစပါး(အောင်နိုင်တိုး)မျိုးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

မြို့သစ် ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံ(တ)ကျေးရွာ၊ ကွင်းအမှတ်- ၁၃၆၅၊ တောင်သူဦးမြင့်သိန်း စိုက်ပျိုးထားသော နွေစပါး(အောင်နိုင်တိုး) ၁ ဒဿမ ဝဝ - ဧက စိုက်ခင်း၌ ယမန်နေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့သည်။

 အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးငွေဆန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုသို့ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြရ တစ်ဧက စပါးအစို ၁၆၅ ဒဿမ ဝ၆ တင်းခန့် ထွက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)