နာဂဒေသ၊ လဟယ်မြို့တွင် မြန်မာအမျိုးသမီးများနေ့အခမ်းအနားနှင့် ဆုပေးပွဲကျင်းပ

လဟယ် ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၃-၇-၂၀၂၅)ရက်နေ့တွင်ကျရောက်သည့်" မြန်မာအမျိုးသမီးများနေ့"အခမ်းအနားနှင့်" မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ် စာစီစာကုံးပြိုင် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပြုသည်။

ဦးစွာ နာဂဒေသအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ရီရီပြုံးက  အမျိုးသမီးများနေ့ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် " မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ် နာဂဒေသအတွင်းရှိ ဒေသ/မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပထမ၊ ဒုတိယ၊ တတိယဆုများအ သီးသီး ချီးမြှင့်ပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နာဂဒေသအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး  ဒေါ်ရီရီပြုံးနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာဆုဝေထွန်းနှင့် အဖွဲ့၀င်များ ဆုရကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)