သတင်းများ

တုံတာမြို့တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jul 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များကို ဇူလိုင် ၁ ရက်​က တုံတာမြို့ပေါ်ရပ်ကွက်များတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၌  ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ကျင်းပ
Jul 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်သည့် ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော် ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှုး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှုး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၇) ဖွင့်လှစ်ပို့ချခြင်းကို ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ရုံးတွင်ပြုလုပ်သည်။
မင်းဘူး(စကု)မြို့နယ်၌ နွားမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်သူများ နွားဈေးကောင်းရလို့ အဆင်ပြေ
Jul 02,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးနှင့် တွဲဖက်ပြီး နွားမွေးမြူရေး ခြံလုပ်ငန်းလုပ်ကိုင်သူများ နွားရောင်းဝယ်ရေးဈေးကွက်တွင် ဈေးကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း နွားမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Jul 02,2023
အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေး လုပ်ငန်းစဉ်များနှင့် ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများ၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်းတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများကို သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များမှ သိရှိနားလည်ပြီး ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အသုံးချလာနိုင်ရေး ရည်ရွယ်၍ စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက်
Jul 02,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊  စာရေးဝန်ထမ်းများအနေဖြင့် အခြေခံစာရင်းဇယားရေးဆွဲနည်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား စာရေးဝန်ထမ်းများ အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက် ၁၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဝင်ရောက်တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Jul 02,2023
ရခိုင်ပြည်နယ်အတွင်း အလွန်အားကောင်းခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် ပေါက်တောမြို့နယ်တွင် ဒေသခံတောင်သူများ၏ မြိုးစပါးထောက်ပံ့ပေးအပ်နိုင်မှုကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဒေသခံတောင်သူများ၏ ရင်တွင်း စကားသံများကို ယခုကဲ့သို့ တွေ့ဆုံမေးမြန်ဖော်ပြထားပါသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားအ‌ကောင်ရေ ၆၀၀၀ အား ခွာနာ၊လျှာနာ‌ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ
Jul 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏာသိရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား  ခွာနာ၊ လျှာနာ‌ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူသူများအား ခွာနာ၊ လျှာနာ‌ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။