သတင်းများ

မော်လမြိုင်မြို့တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား ကပ်လှူပူဇော်နိုင်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 02,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား ကပ်လှူပူဇော်နိုင်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မဟာမြတ်မုနိဘုရားကြီး ဓမ္မသာလဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
မင်းလှမြို့နယ်တွင် မိုးစပါးဧက (၆၁၄၂၁) စိုက်ပျိုးပြီးစီး
Jul 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက (၇၆၁၄၁)ရှိရာ ယနေ့ထိ (၆၁၄၂၁)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အဆင့် ဓမ္မစင်္ကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲကျင်းပ
Jul 02,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဌာန ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။
မွန်ပြည်နယ် အသက် ၁၉ နှစ်အောက် (၁၀) မြို့နယ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 02,2023
မွန်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာ ရှင်များ တက်​ရောက်သည်။
ပုဇွန်တောင်မြို့နယ် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူး​ပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန “Community Center’’ ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်​​​နေ့နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 02,2023
ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ လုပ်ငန်းများအား ဝန်ထမ်းတိုင်း သိရှိနားလည်သဘောပေါက်စေရန်နှင့် ဘဏ္ဍာငွေများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိင်စေရန် ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်ကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများစုပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်နှိမ်နင်း​ရေး အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး​ပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ​​အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်နှိမ်နင်း​ရေး အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်​​​နေ့နံနက် ၉ နာရီအချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန “Community Center’’ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jul 02,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လူဝင်မှုကြီးကရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ဇွန်လ ၂၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။