ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်များ ဝယ်ယူဖြန့်ဖြူးပေးအပ်ပွဲ ကျင်းပ
Jul 02,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းဒေသများတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းလုံကျေးရွာသို့ ဒေသကြက်(၅၀)ကောင် ဝယ်ယူဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ဝိန်းလုံကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။