ပန်းတောင်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကိုယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ပန်းတောင်း)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူးဒေါ်စောမာလာက ကျောင်းသား၊ကျောင်းသူများကို အားကစားနှင့်ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများကို အတန်းလိုက်အားကစားသရုပ်ပြခြင်း လုပ်ငန်းများဆောင်ရွက်၍ အားကစားမှူးဒေါ်စောမာလာမှ တာဝန်ခံကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးမူထံသို့ အားကစားပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)