ပင်လောင်း ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များနှင့် ပင်လောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ အသက်(၁)နှစ်ခွဲအောက်ကလေးသူငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်- ဂျိုက်သိုး စသည့်ကာကွယ်ဆေး (၈)မျိုးကို တိုက်ကျွေး၊ ထိုးနှံပေးခြင်း၊ ကလေးကိုယ်အလေးချိန်တိုင်းတာ ပေးခြင်များ ဆောင်ရွက်ပေးခဲ့ပြီး၊ မိခင်နို့တိုက်ကျွေးနေသော မွေးကင်းစကလေးငယ်များအား ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါ ဖြည့်စွက်အာဟာရမှုန့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)