လဟယ် ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်အသက် (၂)လမှ (၁)နှစ်ခွဲ ကလေးသူငယ်များနှင့်ကို ယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က လဟယ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့အသက်(၂)လမှ(၁)နှစ်ခွဲကလေးသူ ငယ်များကိုထိုးနှံသော ကာကွယ်ဆေးများမှာBCG(၅) မျိုးစပ်ကာကွယ်ဆေး ၊PCV၊ပို လီယိုသောက်ဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန် ဦးနောက်ရောင် ကာကွယ်ဆေး၊ ဝက်သက်/ဂျိုက်သိုးကာကွယ်ဆေးများနှင့်ကိုယ်ဝန် ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကိုမြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပါမင်းလိုင်(လဟယ်)