လဟယ် ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ (Sinovac) ကာကွယ်ဆေး ဒုတိယအကြိမ်နှင့်စတုတ္ထအကြိမ် ကာကွယ်ဆေးများ ထိုးနှံခြင်းကို ယနေ့ နံနက် (၁၁:၃၀) အချိန်တွင် လဟယ်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လဟယ်မြိုပေါ်ရှိဌာနဆိုင်ရာ ၀န်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိ အသက် (၁၈) နှစ်အထက် ရှိ ပြည်သူများ (၃၆၉) ဦးအား ဒုတိယအကြိမ်နှင့်အပို ထပ်ဆောင်းထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံနေမှုကိုနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးထွန်းထွန်း၀င်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူနှင့်ဒေသအဆင့်ဌာနဆိုင်ရာများ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များက ကာကွယ်ဆေးများထိုးနှံနေမှုကို သွားရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)