သတင်းများ

ထားဝယ်မြို့တွင်  ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 28,2023
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင်  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို) အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Jun 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန ( Community Centre – Lashio  ) တွင် ယနေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။
မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းလျှက်ရှိ
Jun 28,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယာယီတိုက်ပွဲ ရှောင်စခန်းမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ် ပရိသတ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင် စေတီဘုရား ယာယီတိုက်ပွဲရှောင်စခန်းရှိ ယာယီအခြေခံပညာ (မူလွန်) ကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Jun 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ပြည်-ရန်ကုန် ကားလမ်းဘေးတွင် ယနေ့နံနက် ၉း၄၅ နာရီက ရွှေတောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။ 
ကျိုင်းတုံမြို့၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီရေးရာ အသိပညာပေးဆွေးနွေး
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီရေးရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံ amazing Hotel တွင် ကျင်းပသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော ပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
မိုင်းပျဥ်းမြို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက မိုင်းပျဥ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ဇီဝဆိုင်ရာအချက် အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်
Jun 28,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။