တောင်တွင်းကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်တွင်းကြီး ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်က  အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်နှင့်ပတ်သက်သည့် ဆောင်ပုဒ်များ၊ “မူးယစ်ဆေးဝါးတို့ရှောင်ရှား” ကဗျာ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ “မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်” ဆောင်းပါး၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ပုံရိပ်များနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ ကဏ္ဍစုံလင်စွာ ပါရှိကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပါရှိသည့်မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများသို့ အခမဲ့ လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)