လဟယ် ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်အန္တရာယ် သိကောင်းစရာဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန် လဟယ်မြို့အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားပြီး လဟယ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်မှ ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အကြို ထက်၊ လယ်မူ၊ အဆင့် ပြိုင်ပွဲများကျင်းနိုင်ခဲ့မှု၊ ဆုများရွှေးချယ် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် လဟယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရန်အေးမှအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားဗွီဒီယိုအား ပြသပြီး ဟောပြောပွဲအား ရုတ်သိမ်းပါသည်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ထက်၊လယ်၊မူ အဆင့် စာစီစာကုံး၊ကဗျာ၊ပုံပြော၊ ပန်ချီ၊ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုများရှိကြသော ကျောင်းသားသူများအား ဆုများအသီးသီးချီးပေးခဲ့ကြောင်းသိရသည်။၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောသုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှုကိုကြည့်ရှု့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးထွန်းထွန်း၀င်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဦးနေမင်းသူနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးဇာနည်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်အေးနှင့် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဦးရှားဆက်နှင့်ရုံး၀န်ထမ်းများ လဟယ်အထကကျောင်းအုပ်ဆရာကြီးဦး၀င်ဇော်နှင့် ကျောင်းသား/သူများအင်အား (၃၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)