သီပေါမြို့နယ်တွင် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်

သီပေါ ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဒေါ်စန္ဒာကျော်က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ကျောင်းသားလူငယ်မောင်မယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးသည် ကျန်းမာရေးနှင့်စပ်လျဉ်းသည့်ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်ပုံမှန်ပြန်လည်သက်ဝင်လှုပ်ရှားစေနိုင်ရန်၊ ထူးချွန်ထက်မြက်သော အားကစားလူတော်များမွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင်တွင်လုပ်ငန်းစွမ်းပကား တိုးတက်စေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့သက်တမ်းစေ့နေထိုင်သွားလာနိုင်စေရန်စသည့် အားကစားနှင့်သက်ဆိုင်သောအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ခံဆရာမတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)