သတင်းများ

ကြံခင်းမြို့နယ်တွင်  အခွန်လွတ်ဈေး(နေ့စဉ်) ဖွင့်လှစ် ရောင်းချပေး
Jul 11,2023
ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်အခြေခံစားသောက်ကုန်များကို မြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်း မှန်ကန်ချိုသာစွာ  ဝယ်ယူစားသောက်နိုင်‌ရေးအတွက် အခွန်လွတ်ဈေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့်  ယနေ့နံနက်ပိုင်းက ကြံခင်းမြို့  ဗိုလ်ချုပ်လမ်း၊ တင်းနစ်ကွင်းရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ်အကောင်အထည်ဖော်နိုင်ရေးနှင့် လယ်ယာမြေများတွင် မိုးစပါးနှင့်သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ၊ ပြည်နယ်အားကစားဆပ်ကော်မတီများ၏ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်တွေ့ဆုံ အ
Jul 11,2023
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုး တက်ပြီးသန့်ရှင်းသာယာလှပလာစေကာ စနစ်ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်လာစေရေး ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးအတွက် မိုးစပါးအပြင်သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပန်းချစ်သူများအသင်း၊ Kachin State Clean & Green Team (KCG)အသင်းဝင်များ၊ တောင်သူများနှင့်အတူ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၁၂၃ ဦးအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီးစီး
Jul 11,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးထင်လတ်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ဖောင်းပြင်မြို့၌ ခြင်ကြောင့်ဖြစ်ပွားသောရောဂါများ ကာကွယ်တားဆီးရေးဆောင်ရွက်
Jul 11,2023
ဖောင်းပြင်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်တာဆီးရေးလုပ်ငန်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အခြေခံပညာကျောင်းများနှင့် ဘော်ဒါဆောင်များ၊ စာသင်ဝိုင်းများသို့ သွားရောက်၍ ဖုံးသွန်လဲစစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့တွင် (၅)နှစ်အောက် ကလေးငယ်များအား Vitamin and Mineral Powder အာဟာရဖြည့်စွက် အစားအစာ ဆေးထုတ်ပေး
Jul 11,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၅)နှစ်အောက် ကလေးငယ်များအား Vitamin and Mineral Powder အာဟာရဖြည့်အစားအစာ ဆေးထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ယပ်လှဲကျောင်းဆရာတော်ကြီးနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ကျောင်းရှိသံဃာတော်များကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး
Jul 11,2023
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ယပ်လှဲကျောင်း ဆရာတော်ကြီးနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးကာ ဉပုဒ်သီလခံယူဆောက်တည်ရန် လာရောက်ကြသည့် ယောဂီများအား တိုင်းရင်းဆေးများလှူဒါန်းခဲ့သည်။
World Traditional Medicine & Anti-aging Expo in Sancheong, Korea 2023 သို့ တက်ရောက်နိုင်
Jul 11,2023
ကိုရီးယားသမ္မတနိုင်ငံ၊ Gyeongsangnam ပြည်နယ်၊ Sancheong Country ရှိ ရှေးရိုးရာ အရှေ့တိုင်းဆေးပညာများ၏ မွေးရပ်မြေဖြစ်သည့် Donguibogamchon ၌ Sencheong World Anti-aging Expo မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “World Traditional Medicine & Anti-aging Expo in Sancheong, Korea 2023” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်တက်ရောက်နိုင်သည်။
ဖောင်းပြင်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသ
Jul 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ (၇၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် စာစောင်များ၊ ဓာတ်ပုံများကို ဖောင်းပြင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန် က ပြသခဲ့သည်။