လမ်းမတော် ဇူလိုင် ၁၁
ကိုရီးယားသမ္မတနိုင်ငံ၊ Gyeongsangnam ပြည်နယ်၊ Sancheong Country ရှိ ရှေးရိုးရာ အရှေ့တိုင်းဆေးပညာများ၏ မွေးရပ်မြေဖြစ်သည့် Donguibogamchon ၌ Sencheong World Anti-aging Expo မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “World Traditional Medicine & Anti-aging Expo in Sancheong, Korea 2023” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်တက်ရောက်နိုင်သည်။
ပြပွဲကို (၃၅) ရက်ကြာ ကျင်းပသွားမည်ဖြစ်သော်လည်း ပြည်ပနိုင်ငံများမှ ကုမ္ပဏီများသည် ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၄) ရက်သာပြသခွင့်ရှိပါကြောင်း၊ ပြပွဲကို Anti-aging Industry ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်နိုင်မည့်ကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း (၁၅) ခန့်မှ ပြခန်း (၇၅) ခန်း လာရောက်ခင်းကျင်းပြသနိုင်ရန် ပြင်ဆင်ထားပြီး နိုင်ငံခြားသားဧည့်သည်စုစုပေါင်း ၁.၂ သန်းဝန်းကျင်တက်ရောက်မည်ဟု ခန့်မှန်းထား ပါကြောင်း၊ ပြပွဲသို့လာရောက်ပြသမည့် ပြည်ပကုမ္ပဏီများကို ပြခန်းအခမဲ့၊ အသွား/အပြန် လေယာဉ်လက်မှတ်၊ ပြပွဲကာလအတွင်း တည်းခိုစရိတ်၊ စားသောက်စရိတ်တို့အတွက် ကျခံပေးမည်ဖြစ်ကြောင်း၊ ကုမ္ပဏီတစ်ခုလျှင်တစ်ဦးဖြင့် အများဆုံး (၁၀) ဦးအထိသာ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည့်အတွက် လျှောက်ထားမှုနောက်ကျပါက ဖော်ပြပါအခွင့် အရေးများရနိုင်မည်မဟုတ်ကြောင်း၊ ပြပွဲတွင် လာရောက်ပြသမည့်ပစ္စည်းများကို ပါဝင်ပြသခွင့်ပြု/မပြု စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲသို့ ပါဝင်တက်ရောက်ရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ သက်ဆိုင်ရာညီ နောင် အသင်း များနှင့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပူးတွဲပါလျှောက်လွှာတွင် ပြည့်စုံစွာ ဖြည့်စွက်၍ ပြပွဲကျင်းပရေး ကော်မတီ Email: jnsplan2@naver.com သို့ တိုက်ရိုက်ချိတ်ဆက်၍ ဆောလျှင်စွာ အမည်စာရင်းပေးသွင်းနိုင်မည်ဖြစ်ပါကြောင်းနှင့် ပါဝင်တက်ရောက်မည် ဆိုပါက မိမိတို့၏Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/ အသင်းအဖွဲ့အမည်၊ Email Address နှင့် ဖုန်းနံပါတ်တို့အား မြန်မာကုန်သွယ် မှုမြှင့်တင်ရေး အဖွဲ့၏ Email: event.td.myantrade@gmail.com နှင့် ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: itpc.umfcci@gmail.com၊ ဖုန်း၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁)၊ သို့ မိတ္တူ ပေးပို့နိုင်ပါရန် အသိပေး ဖိတ်ကြားအပ်သည်။
ကျော်ဆန်းမြင့်