ဖောင်းပြင်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသ

ဖောင်းပြင် ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ (၇၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် စာစောင်များ၊ ဓာတ်ပုံများကို ဖောင်းပြင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန် က ပြသခဲ့သည်။

၂၀၂၃ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြု သောအားဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာရခြင်းနှင့် အာဇာနည် ၉ ဦးတို့၏ ကိုယ်ရေးအကျဉ်းတို့အား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် စာစောင်များ၊ ဓာတ်ပုံများ၊ ပန်းချီ၊ ကာတွန်းများကို နံရံကပ်စာစောင်များ ပြုလုပ်၍ ပြသထားကြောင်း သိရသည်။

ထိုသို့ပြသထားရှိရာ စိတ်ဝင်တစား ကြည့်ရှုလေ့လာကြပြီး (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူ များက မှတ်စုစာအုပ်များဖြင့် မှတ်တမ်းရယူကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)