သတင်းများ

ကျိုင်းတုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ ကျင်းပ
Jul 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။
သဲကုန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ
Jul 05,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ယ​နေ့နံနက် (၉)နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ အင်းမမြို့ရှိ ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက် ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 05,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနှင့် ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နယ်စပ်ဒသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ ကျင်းပပြုလုပ်သည်။
ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကျင်းပ
Jul 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ယမန်နေ့ မွန်းလွဲ  ၁ နာရီအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Jul 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို အ.ထ.က(၁)ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ(၁၄၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့ပြဆေးခန်း(UHC)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့ပြဆေးခန်း(UHC)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဆေးခန်း၌ ပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Jul 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း (ပထမအကြိမ်) သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်
Jul 05,2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) စက်များကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်းရှိ စကားဝါခန်းမတွင် ကျင်းပပြုလုပ်သည်။