Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး
Jul 06,2025
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ယနေ့နံနက်နံနက်ပိုင်းက ခွဲစိတ်ကုသမှုများပြုလုပ်ပေးရာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ ဥက္ကဋ္ဌဒေါ်စန္ဒာထွေးနှင့် အဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ
Jul 06,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမြို့ဦး ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဟားခါးမြို့၊ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီးတွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
Jul 06,2025
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်ကြီး၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ စစ်ဗျူဟာ ( အခြေချဟားခါး ) မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံကြက်ခြေနီ အသင်း(ဗဟို)မှ ဘေးအန္တရာယ်ဆိုင်ရာညှိနှိုင်းရေးမှူးနှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Jul 06,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဗဟို)မှ ဘေးအန္တရာယ်ဆိုင်ရာညှိနှိုင်းရေးမှူးနှင့်တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ခံရသည့် အိမ်ထောင်စုများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများလှူဒါန်းမှု၊ အောင်လံမြို့နယ်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ဆောင်မည့်အခြေအနေ
Jul 06,2025
သဲဖြူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား မြန်မာအမျိုး သမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ ကျောင်းသုံးဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်းကို ဇူလိုင်လ ၄ ရက်နေ့က ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပရာ
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် နေပြည်တော်ကောင်စီမှ မြို့နယ်များထံ စက်ကိရိယာပစ္စည်းများပေးအပ်ပွဲများသို့ တက်ရောက်၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Jul 06,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရာဇသင်္ဂဟလမ်းကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် စက်ယန္တရား၊ လူအင်အားတိုးမြှင့်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင် စုပေါင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်
Jul 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စုပါင်းရုံး RCC သုံးထပ်အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အဆိုပါ ခရိုင်စုပေါင်းရုံးအဆောက်အဦရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မြေဩဇာများပေးအပ်၊ ဆေးရုံတက်လူနာများအား သွားရောက်ကြည့်ရှုအားပေး
Jul 06,2025
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား မြေဩဇာများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအနီးရှိ ကမော့ကပိုမျိုးသန့်ခြံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အားပေး၍ တောင်သူများအား မြေဩဇာများ ချီးမြှင့်ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1032
Page
1033
Page
1034
Page
1035
Current page
1036
Page
1037
Page
1038
Page
1039
Page
1040
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department