ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း (ပထမအကြိမ်) သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်

ကျောက်ပန်းတောင်း ဇူလိုင် ၅

မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) စက်များကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်းရှိ စကားဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းမှ မြန်မာအီလက်ထရောနစ် (MEVM) စက်ကိုင်တွယ်အသုံးပြုခြင်း၊ မဲပေးပုံမဲပေးနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၅.၇.၂၀၂၅) မှ (၂၉.၇.၂၀၂၅) ရက်နေ့အထိ နေ့စဉ် (၀၉:၃၀)နာရီမှ (၁၆:၀၀)နာရီထိ ဦးစီးအရာရှိ ဦးဇင်မောင်မှ သတ္တမအကြိမ်ထိ နေ့ရက်အလိုက် သင်တန်းသား စုစုပေါင်း (၁၁၇၈)ဦးတို့အား အီလတ်ထရောနစ် (MEVM) မဲပေးစက် အသုံးပြုကိုင်တွယ် နည်းများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ အဖွဲဝင် (၁)  ဗိုလ်မှူးနောင်ထွန်းနီ၊ မြိုနယ်ရဲတပ်ဖွဲမှူး ရဲမှူးနိုင်ဝင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ သင်တန်းသားဆရာ၊ ဆရာမများ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရပြီး အခမ်းနားအား နံနက်(၁၀:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သဲသဲ(ပြန်/ဆက်)