လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ၌  ဆင်းသုခစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုး

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ၌ ဆင်းသုခစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်း၌ ညောင်ကျေးရွာအုပ်စု ကွင်းအမှတ်(၃၈၁)၊ တောင်သူဦးဌေးကို၏ လယ်ယာမြေငါးဧက၌ စိုက်ပျိုးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်သူများ ဝမ်းစာဖူလုံရေးတို့အတွက် ဆန်စပါးအပါအဝင်သီးနှံများ အထွက်နှုန်းတိုးမြှင့်စေရေးစီမံဆောင်ရွက်ခြင်း မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးစိုက်ပျိုးခြင်းကြဲခင်းစိုက်ဧရိယာများတွင် စိုက်ခင်း(ရိုးရိုး၊ စိုက်ခင်း၊ တန်းလှပ်စနစ်၊ စက်စိုက်)များ၊ လုပ်သားလိုအပ်ချက်အနည်းဆုံးဖြစ်သည့် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း၊ အစားထိုးစိုက်ပျိုးရန်လယ်သမားများအား အသိပညာပေးခြင်းလိုက်နာဆောင်ရွက်ရန် မှာကြားခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီကြဲခင်းစိုက်ဧရိယာများ၌ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ဆင်းသုခစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးသည့်စနစ်သည် လုပ်သားလိုအပ်ချက် အနည်းဆုံးအစားထိုးစိုက်ပျိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးနိုင်လင်းစိုးက ကွင်းဆင်းရာ၌ တောင်သူ၊ ပြည်သူများအား အသိပညာပေးပြောကြားလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ ( ပြန်/ဆက် )