ကျွန်းလှ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ဧက ၅၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပဲစင်းငုံ စိုက်ပျိုးဖို့ ၁၁၅၁၂ ဧကလျာထားပါတယ်။ ယနေ့အထိ ၅၂၀၁ဧက (၄၅ ဒသမ ၁၇) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ ပဲစင်းငုံ စိုက်ပျိုးရာမှာ သီးညှပ်စိုက်ပျိုးကြသလို သီးသန့်လည်းစိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
အဆိုပါ ပဲစင်းငုံ စိုက်ပျိုးသည့် တောင်သူများအား မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားအန္တရာယ် ကင်းရှင်းရေး၊ အထွက်နှုန်းကောင်းမွန်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တ္ငင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးမှုအနေဖြင့် စပါး ၃၄၀၉၃ ဧက၊ ပဲမျိုးစုံ ၁၆၉၁၂ ဧက၊ ဆီထွက်သီးနှံ ၇၂၇၀ ဧက၊ ကြံ ၇၄ ဧက၊ ဝါ ၆ ဧက၊ အခြားသီးနှံ ၁၆၉၀၀ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးရန်လျာထားကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)