မော်လိုက် ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်မိုးရာသီ၌ ဖြစ်ပွားသော သွေးလွန်တုပ်ရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဝန်ထမ်းအိမ်ရာရှိ ရေအိုင်များနှင့်ရေကန်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် ခရိုင်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခြင်ပေါက်ဖွားနိုင်သော နေရာများတွင်အဘိတ်ဆေးခပ်ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မော်လိုက်မြို့နယ်တွင် စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွကလျက်ရှိကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)