မိုင်းနောင် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းများကို ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝမ်စိမ်း)ခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းနောင်မြို့ရုံးလက်ထောက်ဦးစီးမှူး ဦးစိုင်းသာမိုင်းခမ်းနှင့်ဝန်ထမ်းများသည် ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ ၄င်းတို့၏မိသားစုဝင်များ၊ ကျောင်းသား/ ကျောင်းသူများအား နိုင်(၄)အချက်အလက်များပေါ်အခြေခံ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊ အချက်အလက်များမှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ လက်ဗွေရာများရယူခြင်းများဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အဆိုပါ(Biometric)အချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို ဦးတည်အုပ်စုများအလိုက်ကောက်ယူလျက်ရှိပြီး ယနေ့သည်ဝမ်စိမ်းအခြေခံပညာအထက်တန်းကျောင်းမှ ပညာရေးဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကွင်းဆင်းကောက်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)