ကဝ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကို ယမန်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အ.ထ.က(ကဝ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီက ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် ဆရာမဒေါ်သန်းသန်းစိုးမှ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထုပ္ပတ္တိကို လည်းကောင်း၊ Grade-9 မှ ကျောင်းသားလေး မောင်ရှိုင်းဝေယံမှ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)