ဝိုင်းမော် ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့ရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးအေးလွင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique lD နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို နေ့စဉ်ရုံးဖွင့်ရက် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီ အထိ သတ်မှတ်စုရပ်နေရာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်(ပြန်/ဆက်)