ကမာရွတ်မြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ​ပေး

ကမာရွတ်   ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင်ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ကမာရွတ်မြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာရိပ်သာ ခန်းမ၌ကျောင်းသား၊ ကျောင်းသူ (၁၅ဝ)ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် KG ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့် အသက်(၁၂)နှစ်မှ(၁၈)နှစ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးမထိုးနှံမီကျောင်းသား၊ ကျောင်းသူများကိုစာရင်းရေသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတအဖွဲ့များမှ  ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)