တွံတေး ဇူလိုင် ၁၂
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူများအား (ပထမအကြိမ်) ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်၍ ကာကွယ်ဆေးထိုးအဖွဲ့ (၄)ဖွဲ့ဖြင့် အဖွဲ့များခွဲ၍ သက်ဆိုင်ရာ ကျောင်းအလိုက် ကွင်းဆင်းကာဆောင်ရွက်နေပြီး ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအား စာရင်းရေးသွင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဆရာ/ဆရာမများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိကျောင်းသား/သူများအား (ပထမအကြိမ်) ကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား