မရမ်းကုန်းမြို့နယ် စိန်နဂါး ကြွေ၊ မြေ၊ ဖန်ထည်စက်မှု ကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

မရမ်းကုန်း ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ စိန်နဂါး ကြွေမြေဖန်ထည် စက်မှုကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို အဆိုပါ အသင်းရုံးခန်း၌ ယမန်​နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူးဒေါ်ဥမ္မာမြင့်က လမ်းညွှန်အမှာစကားပြောကြားပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အသင်းဝန်ထမ်းများအား ဆုများပေးအပ်ခြင်းနှင့် အသင်းသားနှင့်ဝန်ထမ်းများအတွက် ချီးမြှင့်​ငွေ(၆၅၈၀၀၀၀)ကျပ်အားထုတ်ပေးခဲ့သည်။ ထို့​နောက်အစည်းအ​ဝေးဒုတိယအပိုင်းတွင် ဒါရိုက်တာအဖွဲ့​ရွေးချယ်ပွဲကို မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးအရာရှိပါဝင်​သောဖွဲ့စည်း​ရေး​ကော်မတီမှ ဦး​ဆောင်၍ အဖွဲ့ဝင် () ဦး​​ကို​ရွေးချယ်​ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ မရမ်းကုန်းမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အသင်းသားများစုံညီစွာတက်ရောက်ခဲ့​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)